Storage Optimization

 

Zawgyi Version Here

Storage Optimization

Green IT ရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုကတော့ Storage Optimization ပါ။ Data ကို သိမ်းဆည်းပေးတဲ့ Storage System တွေဟာ စွမ်းအင်သုံးစွဲမှုများသလို နေရာယူမှုလဲ အများဆုံးပါ။

ဒီစက်တွေ အမြဲလည်ပတ်ဖို့ အရေးကြီးသလို သိမ်းဆည်းထားတဲ့ Data အချက်အလက်တွေ လိုအပ်တာထက်ပိုပြီးသိမ်းမိတာမျိုးတွေ၊ တူညီတဲ့ အချက်အလက် (Duplicate Copies) တွေ ဖြစ်နေတတ်ပါတယ်။

ဒီ Storage နဲ့ပတ်သက်တဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့ Extenua Inc. က ဥက္ကဋ္ဌနဲ့အမှုဆောင်အရာရှိချူပ်ဖြစ်တဲ့ Steve Visconti ကတော့ အောက်ပါလမ်းညွှန်မှု (၆) ချက်ကိုပေးထားပါတယ်။

(၁) အပိုအချက်အလက် (Redundant Data) များကို ထိန်းချူပ်ပါ၊

Storage နယ်ပယ်မှာ Data Deduplication ဆိုတဲ့ဝေါဟာရတစ်ခုရှိပါတယ်။ အဲဒါကတော့ ပိုလျှံနေတဲ့ Data တွေကိုရှာဖွေပြီးဖယ်ထုတ်တာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် Data တွေဆံတဲ့ ပမာဏဟာ သိသိသာသာတိုးတက်လာမှာပါ။ Steve ပြောတာကတော့ Dedup ကို Bit Level ဒါမှမဟုတ် Block Level ကနေ လုပ်ရမယ်လို့ ပြောပါတယ်။

အခုအပေါ်မှာ ပြထားတဲ့ပုံအတိုင်း Block Level Data Deduplication ဟာ File Level မှာလုပ်တာထက် အများကြီးပိုသက်ရောက်မှု ရှိပါတယ်။ Block Level မှာ နောက်ထပ်အသစ်ပြောင်းလဲမှုများကိုသာ သိမ်းမှာဖြစ်တဲ့အတွက် File Level မှာလို တိုးလာတဲ့ အချက်အလက်တွေအပြင် Data တွေ အစအဆုံးကို ပြန်သိမ်းစရာ မလိုပါဘူး။

(၂) အဖွဲ့အစည်းရဲ့ အမှုအကျင့်တွေ ပြောင်းလဲပါ၊

File တွေသိမ်းတဲ့အခါ ဒီအတိုင်းသိမ်းတာထက် Zip လုပ်လိုက်ပြီးသိမ်းရင် နေရာတွေ အများထွက်လာမယ်ဆိုတာကို အဖွဲ့အစည်းထဲမှာ သိထားဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ Zip Compression လုပ်တာဟာ Storage System ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်နိုင်တဲ့အတွက် လိုအပ်မှ သိမ်းတာမျိုးပဲ လုပ်သင့်ပါတယ်။

(၃) အချက်အလက်တွေကို သင့်တော်တဲ့နေရာမှာထားပါ၊

Data တွေကိုသိမ်းတဲ့ Disk တွေမှာလဲ အမျိုးအစားအပေါ်မှုတည်ပြီး ​ဈေးနှုန်းရော၊ စွမ်းဆောင်မှုပါကွာပါတယ်။ SSD (Solid State Disk) တွေဟာ ဈေးကြီးပေမဲ့ စွမ်းဆောင်မှုမှာ Spinning Disk တွေထက် အများကြီးသာလွန်ပါတယ်။

SSD Disk တွေရဲ့ IOPS (Input/output operations per second) လို့ခေါ်တဲ့ Disk စွမ်းဆောင်ရည်မှာ သာမာန် HDD တွေထက် အနည်းဆုံး (၁၅) ဆပိုများပါတယ်။ စွမ်းအင်သုံးစွဲမှုမှာလဲ HDD တွေထက်လဲ အများကြီးလျော့ပါတယ်။ မရှိမဖြစ်တဲ့ အရေးကြီး Data တွေကို SSD မှာသိမ်းတာ ပိုသင့်တော်ပြီး တခြား Data တွေကိုတော့ သာမာန် HDD တွေမှာသာ သိမ်းနိုင်ပါတယ်။

Related image

Steve ထပ်ပြောတာကတော့ Storage Data Management ကို Automated လုပ်သင့်တယ်။ Storage သုံးစွဲမှုအခြေအနေကို Monitor လုပ်ပြီးစောင့်ကြည့်တာမျိုး Data သိမ်းဆည်းမှုကို ကိုယ်တိုင်လုပ်တာထက် Automation Tasks တွေနဲ့လုပ်တာ ပိုပြီး Efficient ဖြစ်တယ်လို့ပြောပါတယ်။

(၄) Data Storage ကို Virtualize လုပ်ပါ၊

များပြားလှတဲ့ Data Storage Pool တွေကို ဆာဗာတစ်ခုချင်းဆီမှာ ချိတ်ဆက်မဲ့အစား  SAN (Storage Area Network) ထဲမှာပေါင်းထည့်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဆာဗာတွေရဲ့ Data သိမ်းဆည်းမှုအတွက် လိုအပ်တဲ့နေရာချထားမှုများ လုပ်ပေးနိုင်ပါတယ်။

Server Virtualization ဟာ ဆာဗာ အသုံးပြုမှုကို Efficient ဖြစ်စေသလို Storage Virtualization ဟာလဲ သိမ်းဆည်းမှုအရင်းအမြစ် (Storage Resources) တွေတောင်ပုံရာပုံဖြစ်နေခြင်းကနေရှောင်ရှားနိုင်ပါတယ်။

ဆာဗာထဲမှာ Storage အများကြီးကို အသုံးမပြုပဲထားပြီး တခြားလိုအပ်တဲ့ Application တွေအတွက်နေရာ မပေးနိုင်တာဟာ ဖြုန်းတီးမှုပါ။ Green IT ဆိုတာ ဒီလိုဖြုန်းတီးမှုတွေ အသုံးမပြုပဲထားတာတွေကို လျော့နည်းစေဖို့ပါ။

Storage Virtualization လုပ်ခြင်းအားဖြင့် Data သိမ်းဆည်းမှုကို ဆာဗာတွေထဲမှာ မျှပေးနိုင်ပြီး Thin Provisioning လို Storage နေရာသိတ်မယူတဲ့ နည်းပညာတွေကို လမ်းဖွင့်ပေးပါတယ်။ တခြားတဖက်မှာလဲ Thin Provisioning ရဲ့အားနည်းချက်တွေရှိပါသေးတယ်။

(၅) Virtualization နှစ်ခု နေ့စဉ်ပြုပါ၊

Data Center တစ်ခုလုံးကို Virtualization အပြည့်လုပ်ပြီး Hardware သုံးစွဲမှုလျော့ချနိုင်ပြီဆိုရင် Green Data Center ဖြစ်ဖို့အလားအလာ အလွန်ကောင်းနေပါပြီ။ Server နဲ့ Storage ကို Virtualize လုပ်တာဟာ Data Center အကျိုးသက်ရောက်မှု အများကြီးဖြစ်ပါတယ်။

Server ကို Virtualization လုပ်လိုက်တာနဲ့ Application တွေကို Physical ဆာဗာတွေ အများကြီးသုံးပြီး လည်ပတ်ရတဲ့အပေါ်မှာ ထိရောက်မှုရှိသလို Storage ကို Virtualize လုပ်ခြင်းအားဖြင့် Hardware လိုအပ်ချက်တွေ လျော့နည်းသွားပြီး အချက်အလက်တွေကို သိမ်းဆည်းတဲ့စွမ်းရည်တွေတက်လာပါတယ်။

 

(၆) အဟောင်းကို အကောင်းနဲ့လဲပါ၊

ဖြစ်နိုင်ရင်တော့ စွမ်းအင်သုံးစွဲမှုနည်းတဲ့ Storage Platform ကို အသုံးပြုသင့်ပါတယ်။ ဒါဟာ စွမ်းဆောင်ရည်ကော သိမ်းဆည်းဖို့ နေရာအတွက်ပါ အကျိုးရှိပါတယ်။

စွမ်းအင်သုံးစွဲမှု (Power) နဲ့ အအေးပေးမှု (Cooling) ကို ၅၀% – ၈၀% လျော့ချနိုင်ပြီး စွမ်းဆောင်ရည်ကော သိမ်းဆည်းဖို့ နေရာအတွက်ပါ စနစ်အဟောင်းတွေနည်းတူ အလုပ်လုပ်နိုင်တဲ့ Storage Solutions တွေရှိနေပါပြီ။

ဒီ Solutions တွေဟာ Rack နေရာသိတ်မယူတဲ့အပြင် Data များများလဲဆံ့ပါတယ်။

Software Defined Storage ဆိုတဲ့ Marketing Term အခေါ်အဝေါ်တစ်ခုရှိပါတယ်။အခုဒီဆောင်းပါးမှာပါတဲ့ Storage Optimization နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောတာပါပဲ။

Zawgyi Version

Green IT ရဲ့ ေနာက္ထပ္ေျခလွမ္းတစ္ခုကေတာ့ Storage Optimization ပါ။ Data ကို သိမ္းဆည္းေပးတဲ့ Storage System ေတြဟာ စြမ္းအင္သုံးစြဲမွုမ်ားသလို ေနရာယူမွုလဲ အမ်ားဆုံးပါ။ ဒီစက္ေတြ အျမဲလည္ပတ္ဖို႔ အေရးႀကီးသလို သိမ္းဆည္းထားတဲ့ Data အခ်က္အလက္ေတြ လိုအပ္တာထက္ပိုၿပီးသိမ္းမိတာမ်ိဳးေတြ၊ တူညီတဲ့ အခ်က္အလက္ (Duplicate Copies) ေတြ ျဖစ္ေနတတ္ပါတယ္။

ဒီ Storage နဲ႔ပတ္သက္တဲ့အခက္အခဲေတြကို ေျဖရွင္းေပးဖို႔ Extenua Inc.က ဥကၠ႒နဲ႔အမွုေဆာင္အရာရွိခ်ဴပ္ျဖစ္တဲ့ Steve Viscontiကေတာ့ ေအာက္ပါလမ္းညႊန္မွု (၆) ခ်က္ကိုေပးထားပါတယ္။

(၁) အပိုအခ်က္အလက္ (Redundant Data) မ်ားကို ထိန္းခ်ဴပ္ပါ၊

Storage နယ္ပယ္မွာ Data Deduplication ဆိုတဲ့ေဝါဟာရတစ္ခုရွိပါတယ္။ အဲဒါကေတာ့ ပိုလၽွံေနတဲ့ Data ေတြကိုရွာေဖြၿပီးဖယ္ထုတ္တာပါ။ ဒီလိုလုပ္ျခင္းအားျဖင့္ Data ေတြဆံတဲ့ ပမာဏဟာ သိသိသာသာတိုးတက္လာမွာပါ။ Steve ေျပာတာကေတာ့ Dedup ကို Bit Level ဒါမွမဟုတ္ Block Level ကေန လုပ္ရမယ္လို႔ ေျပာပါတယ္။

အခုအေပၚမွာ ျပထားတဲ့ပုံအတိုင္း Block Level Data Deduplication ဟာ File Level မွာလုပ္တာထက္ အမ်ားႀကီးပိုသက္ေရာက္မွု ရွိပါတယ္။ Block Level မွာ ေနာက္ထပ္အသစ္ေျပာင္းလဲမွုမ်ားကိုသာ သိမ္းမွာျဖစ္တဲ့အတြက္ File Level မွာလို တိုးလာတဲ့ အခ်က္အလက္ေတြအျပင္ Data ေတြ အစအဆုံးကို ျပန္သိမ္းစရာ မလိုပါဘူး။

(၂) အဖြဲ႕အစည္းရဲ့ အမွုအက်င့္ေတြ ေျပာင္းလဲပါ၊

File ေတြသိမ္းတဲ့အခါ ဒီအတိုင္းသိမ္းတာထက္ Zip လုပ္လိုက္ၿပီးသိမ္းရင္ ေနရာေတြ အမ်ားထြက္လာမယ္ဆိုတာကို အဖြဲ႕အစည္းထဲမွာ သိထားဖို႔ အေရးႀကီးပါတယ္။ ဒါေပမဲ့ Zip Compression လုပ္တာဟာ Storage System ရဲ့စြမ္းေဆာင္ရည္ကို ထိခိုက္နိုင္တဲ့အတြက္ လိုအပ္မွ သိမ္းတာမ်ိဳးပဲ လုပ္သင့္ပါတယ္။

(၃) အခ်က္အလက္ေတြကို သင့္ေတာ္တဲ့ေနရာမွာထားပါ၊

Data ေတြကိုသိမ္းတဲ့ Disk ေတြမွာလဲ အမ်ိဳးအစားအေပၚမွုတည္ၿပီး ​ေဈးႏွုန္းေရာ၊ စြမ္းေဆာင္မွုပါကြာပါတယ္။ SSD (Solid State Disk) ေတြဟာ ေဈးႀကီးေပမဲ့ စြမ္းေဆာင္မွုမွာ Spinning Disk ေတြထက္ အမ်ားႀကီးသာလြန္ပါတယ္။

SSD Disk ေတြရဲ့ IOPS (Input/output operations per second) လို႔ေခၚတဲ့ Disk စြမ္းေဆာင္ရည္မွာ သာမာန္ HDD ေတြထက္ အနည္းဆုံး (၁၅) ဆပိုမ်ားပါတယ္။ စြမ္းအင္သုံးစြဲမွုမွာလဲ HDD ေတြထက္လဲ အမ်ားႀကီးေလ်ာ့ပါတယ္။ မရွိမျဖစ္တဲ့ အေရးႀကီး Data ေတြကို SSD မွာသိမ္းတာ ပိုသင့္ေတာ္ၿပီး တျခား Data ေတြကိုေတာ့ သာမာန္ HDD ေတြမွာသာ သိမ္းနိုင္ပါတယ္။

Related image

Steve ထပ္ေျပာတာကေတာ့ Storage Data Management ကို Automated လုပ္သင့္တယ္။ Storage သုံးစြဲမွုအေျခအေနကို Monitor လုပ္ၿပီးေစာင့္ၾကည့္တာမ်ိဳး Data သိမ္းဆည္းမွုကို ကိုယ္တိုင္လုပ္တာထက္ Automation Tasks ေတြနဲ႔လုပ္တာ ပိုၿပီး Efficient ျဖစ္တယ္လို႔ေျပာပါတယ္။

(၄) Data Storage ကို Virtualize လုပ္ပါ၊

မ်ားျပားလွတဲ့ Data Storage Pool ေတြကို ဆာဗာတစ္ခုခ်င္းဆီမွာ ခ်ိတ္ဆက္မဲ့အစား SAN (Storage Area Network) ထဲမွာေပါင္းထည့္ပါ။ ဒီလိုလုပ္ျခင္းအားျဖင့္ ဆာဗာေတြရဲ့ Data သိမ္းဆည္းမွုအတြက္ လိုအပ္တဲ့ေနရာခ်ထားမွုမ်ား လုပ္ေပးနိုင္ပါတယ္။

Server Virtualization ဟာ ဆာဗာ အသုံးျပဳမွုကို Efficient ျဖစ္ေစသလို Storage Virtualization ဟာလဲ သိမ္းဆည္းမွုအရင္းအျမစ္ (Storage Resources) ေတြေတာင္ပုံရာပုံျဖစ္ေနျခင္းကေနေရွာင္ရွားနိုင္ပါတယ္။

ဆာဗာထဲမွာ Storage အမ်ားႀကီးကို အသုံးမျပဳပဲထားၿပီး တျခားလိုအပ္တဲ့ Application ေတြအတြက္ေနရာ မေပးနိုင္တာဟာ ျဖဳန္းတီးမွုပါ။ Green IT ဆိုတာ ဒီလိုျဖဳန္းတီးမွုေတြ အသုံးမျပဳပဲထားတာေတြကို ေလ်ာ့နည္းေစဖို႔ပါ။

Storage Virtualization လုပ္ျခင္းအားျဖင့္ Data သိမ္းဆည္းမွုကို ဆာဗာေတြထဲမွာ မၽွေပးနိုင္ၿပီး Thin Provisioning လို Storage ေနရာသိတ္မယူတဲ့ နည္းပညာေတြကို လမ္းဖြင့္ေပးပါတယ္။ တျခားတဖက္မွာလဲ Thin Provisioning ရဲ့အားနည္းခ်က္ေတြရွိပါေသးတယ္။

(၅) Virtualization ႏွစ္ခု ေန႔စဥ္ျပဳပါ၊

Data Center တစ္ခုလုံးကို Virtualization အျပည့္လုပ္ၿပီး Hardware သုံးစြဲမွုေလ်ာ့ခ်နိုင္ၿပီဆိုရင္ Green Data Center ျဖစ္ဖို႔အလားအလာ အလြန္ေကာင္းေနပါၿပီ။ Server နဲ႔ Storage ကို Virtualize လုပ္တာဟာ Data Center အက်ိဳးသက္ေရာက္မွု အမ်ားႀကီးျဖစ္ပါတယ္။ Server ကို Virtualization လုပ္လိုက္တာနဲ႔ Application ေတြကို Physical ဆာဗာေတြ အမ်ားႀကီးသုံးၿပီး လည္ပတ္ရတဲ့အေပၚမွာ ထိေရာက္မွုရွိသလို Storage ကို Virtualize လုပ္ျခင္းအားျဖင့္ Hardware လိုအပ္ခ်က္ေတြ ေလ်ာ့နည္းသြားၿပီး အခ်က္အလက္ေတြကို သိမ္းဆည္းတဲ့စြမ္းရည္ေတြတက္လာပါတယ္။

 

(၆) အေဟာင္းကို အေကာင္းနဲ႔လဲပါ၊

ျဖစ္နိုင္ရင္ေတာ့ စြမ္းအင္သုံးစြဲမွုနည္းတဲ့ Storage Platform ကို အသုံးျပဳသင့္ပါတယ္။ ဒါဟာ စြမ္းေဆာင္ရည္ေကာ သိမ္းဆည္းဖို႔ ေနရာအတြက္ပါ အက်ိဳးရွိပါတယ္။ စြမ္းအင္သုံးစြဲမွု (Power) နဲ႔ အေအးေပးမွု (Cooling) ကို ၅၀% – ၈၀% ေလ်ာ့ခ်နိုင္ၿပီး စြမ္းေဆာင္ရည္ေကာ သိမ္းဆည္းဖို႔ ေနရာအတြက္ပါ စနစ္အေဟာင္းေတြနည္းတူ အလုပ္လုပ္နိုင္တဲ့ Storage Solutions ေတြရွိေနပါၿပီ။

ဒီ Solutions ေတြဟာ Rack ေနရာသိတ္မယူတဲ့အျပင္ Data မ်ားမ်ားလဲဆံ့ပါတယ္။ Software Defined Storage ဆိုတဲ့ Marketing Term အေခၚအေဝၚတစ္ခုရွိပါတယ္။အခုဒီေဆာင္းပါးမွာပါတဲ့ Storage Optimization နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ေျပာတာပါပဲ။

References

(၁) Six Tips For Green (and Greenwash-Free) Data Center Storage – Steve Visconti
(၂) The Major Components Of Green Computing – UKEssays
(၃) Greening your IT infrastructure – Appliedtrust
(၄) Data deduplication methods – Starwind
(၅) What Is a Storage Area Network? – SNIA

​ေတာင္းပန္လႊာ။ ။ ဒီစာေစာင္ထဲမွာ အားနည္းခ်က္၊ ခၽြတ္ယြင္းခ်က္မ်ားစြာ ပါနိုင္သျဖင့္ ျပင္ဆင္ဖတ္ရွုေပးေစလိုပါတယ္။

“Let’s make our environment more eco friendly.”

Green IT Intro

 

Zawgyi Version Here

Green IT ရဲ့အခြေခံကို တခါတရံမှာတော့ နားလည်ခက်နိုင်ပါတယ်။ IT မှာ ဘာလို့ Green ထည့်ပေးရသလဲလို့ မေးစရာ ရှိပါတယ်။

ဥပမာပြရရင်တော့ အစိမ်းရောင် Green၊ လိမ္မော်ရောင် Amber၊ အနီရောင် Red စတဲ့ Indicator meter gauge ကိုမြင်ဖူးကြမှာပါ။ အစိမ်းရောင်ဆိုရင် Safe Zone၊ လိမ္မော်ရောင် Amber ဆိုရင် စိုးရိမ်ရတယ်၊ အနီရောင် Red ဆိုရင်တော့ အန္တရယ်ရှိတယ် စသည်ဖြင့် ယေဘုယျအားဖြင့် နားလည်လို့ရပါတယ်။

သတင်းအချက်အလက်နည်းပညာ (Information Technology) ဆိုတဲ့စကားလုံးကိုက သိတ်ကိုခေတ်မှီနေလေတော့ အဆင့်မြင့်နည်းပညာကို အသုံးပြုလိုက်တာနဲ့ Efficient ဖြစ်တယ် ထင်စရာပါ။ တကယ်တော့ Computerized အဆင့်မြင့်နည်းပညာရဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိသေးတယ်ဆိုတာ သိတ်မသိကြသေးပါဘူး။

အဖွဲ့အစည်းတစ်ခု သို့မဟုတ် အဲဒီအဖွဲ့အစည်းရဲ့ IT Department မှာ Green IT ဆိုတဲ့စကားလုံးနဲ့ အကျွမ်းဝင်နေဖို့လိုပါတယ်။ Data Center တွေမှာ Total cost of ownership (TCO) လို့ခေါ်တဲ့ ကုန်ကျစရိတ်တွေနဲ့ ပတ်သက်တဲ့ Best Practices အကြောင်းပြောတဲ့အခါ Green IT ကိုချန်ထားလို့မရပါဘူး။

Green IT ဆိုတာ ပတ်ဝန်းကျင်ကိုသာမကပဲ ကုန်ကျစရိတ်တွေလျော့ချနိုင်ဖို့အတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို စာစောင်တွေများစွာမှာ ဖော်ပြရေးသားထားတာတွေရှိပါတယ်။

Green IT is not just about meeting environmental objectives;
it provides a very tangible opportunity to drive down costs.

From – bcs.org

ဒါဆိုရင် Green IT နဲ့ပတ်သက်တဲ့ လိုက်နာဆောင်ရွက်မှုတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြရအောင်။

Product Longevity

Product Longevity ဆိုတာကတော့ IT Equipment တွေဖြစ်တဲ့ Desktop/Laptop/Server နဲ့ Network Equipment တွေကို ဝယ်ယူသုံးစွဲတဲ့အခါ ရေရှည်သုံးနိုင်တဲ့ အမျိုးအစားကိုရွေးချယ်ရမှာ ဖြစ်ပါတယ်။ မကြာခဏအသစ်ဝယ်ယူရတာတွေ Upgrade လုပ်ထပ်မြှင့်ရတာမျိုးတွေလုပ်ရတာ ​ငွေကြေးကုန်ကြမှုများသလို အသုံးမလိုပဲစွန့်ပစ်ရတဲ့အခါ ပတ်ဝန်းကျင်အတွက်လဲ မကောင်းပါဘူး။

ဒီအတွက်ကြောင့် အဖွဲ့အစည်းတွေရဲ့ ကုန်ပစ္စည်းဝယ်ယူရေးအဖွဲ့ (Procurement Team) နဲ့ အုပ်ချူပ်ရေးပိုင်း (Management Team) မှာ Green IT နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေရှိနေဖို့လိုအပ်ပါတယ်။

မကြာခင်မှာ သက်တမ်းကုန်တော့မဲ့ (EOL – End of Life) ကုန်ပစ္စည်းမျိုးကို မဝယ်ယူမိဖို့ကလဲ အရေးကြီးသလို ဝယ်ယူပြီးတဲ့ပစ္စည်းတွေမှာလဲ တာရှည်ခံပြီး လတ်တလောဝန်ဆောင်မှု (Maintenance Support) တွေပေးနိုင်ဖို့ လိုအပ်ပါတယ်။

Data Center Design

သက္ကရာဇ် ၂၀၁၀ ကစစ်တမ်းကောက်ချက်အရ Data Center တွေရဲ့ စွမ်းအင်သုံးစွဲမှုဟာ တကမ္ဘာလုံးရဲ့ စုစုပေါင်း စွမ်းအင်သုံးစွဲမှုရဲ့ ၁.၁% ကနေ ၁.၅% အထိရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ Data Center တွေရဲ့ စွမ်းအင်သုံးစွဲမှုဟာ သာမာန်ရုံးတွေထက် အဆ ၁၀၀ ကနေ ၂၀၀ အထိပိုသုံးတယ်လို့ခန့်မှန်းပါတယ်။

Data Center တွေရဲ့ စွမ်းအင်သုံးစွဲမှုကို တွက်ချက်တဲ့အခါ Power usage effectiveness (PUE) နဲ့ Data center infrastructure efficiency (DCIE) ကိုတွက်ချက်ရပါတယ်။ PUE နဲ့ DCIE ဟာ Green Data Center တွေတည်ဆောက်တဲ့နေရာမှာ အဓိကကျတဲ့နေရာမှာ ပါပါတယ်။ ဒီအောက်မှာပြထားတာကတော့ Schneider Electric က PUE နဲ့ DCIE ကိုတွက်ချက်တဲ့ Calculator ပါ။

 

Green Data Center တည်ဆောက်မှုအတွက် အခြားသော လိုအပ်ချက်တွေကတော့ အအေးပေးမှုစနစ် (Cooling System) ပါ။ အအေးပေးစနစ် (Cooling System) မှာလဲ လေအေးပေးစနစ် (Air Based Cooling) နဲ့ ရေအေးပေးစနစ် (Liquid Based Cooling) ဆိုပြီးရှိပါသေးတယ်။ များသောအားဖြင့် လေအေးပေးစနစ် (Air Based Cooling) စနစ်ကိုအသုံးများကြပြီး ဒီစနစ်မှာလဲ လေပေးပုံစနစ် (System) နဲ့ ပုံစံ (Design) ပေါ်မှုတည်ပြီး စွမ်းအင်သုံးစွဲမှုအနည်းအများကွာပါသေးတယ်။

 

အခုအပေါ်ကပြထားတာကတော့ (Cold Aisle / Hot Aisle) လို့ခေါ်တဲ့ လေအေးပေးစနစ် (Air Based Cooling) တစ်ခုပါ။ ဒီစနစ်ဟာ အသုံးအများဆုံးဖြစ်သလို စွမ်းအင်သုံးစွဲမှုလဲ အများဆုံးပါ။

the more power you burn, the cooler the server room will be

ဒီစနစ်ဟာ “စွမ်းအင်ပိုသုံးလေလေ ဆာဗာခန်းပိုအေးလေလေ” ဆိုတဲ့အခြေခံကိုမှုတည်ထားတာကြောင့် Efficient မဖြစ်ပါဘူး။

နောက်တစ်မျိုးကတော့ Cold or Hot Aisle Air Containment စနစ်ပါ၊ ဒီစနစ်မှာတော့ လေပူနဲ့လေအေးကို ခွဲထုတ်လိုက်ပြီး လိုအပ်တဲ့နေရာကိုသာ အအေးပိုပေးခြင်းဖြင့် ဆာဗာခန်းရဲ့အပှုချိန်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ ရေအေးပေးစနစ် (Liquid Based Cooling) ပါ။ စက်ရုံတွေမှာတော့ ရေနဲ့အအေးပေးတာ မထူးဆန်းပေမဲ့၊ Data Center ထဲမှာတော့ ရေနဲ့အအေးပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်စရာပါ။ ဒါပေမဲ့ ရေအေးပေးစနစ် (Liquid Based Cooling) နဲ့ Data Center တွေရှိနေပါပြီ။

အောက်မှာပြထားကတော့ IBM ကတည်ဆောက်ထားတဲ့ ရေအေးပေးစနစ် (Liquid Based Cooling) Data Center တစ်ခုဖြစ်ပြီး စွမ်းအင်သုံးစွဲမှုမှာ သာမာန် လေအေးပေးစနစ် (Air Based Cooling) ထက် ၄၀% ပိုသက်သာပါတယ်။

Green IT ရဲ့ ကျန်ရှိတဲ့ဆောင်ရွှက်ချက်များကို နောက်အပိုင်းများမှာ ဖော်ပြပါဦးမယ်။

Zawgyi Version

Green IT ရဲ့အေျခခံကို တခါတရံမွာေတာ့ နားလည္ခက္နိုင္ပါတယ္။ IT မွာ ဘာလို႔ Green ထည့္ေပးရသလဲလို႔ ေမးစရာ ရွိပါတယ္။
ဥပမာျပရရင္ေတာ့ အစိမ္းေရာင္ Green၊ လိေမၼာ္ေရာင္ Amber၊ အနီေရာင္ Red စတဲ့ Indicator meter gauge ကိုျမင္ဖူးၾကမွာပါ။ အစိမ္းေရာင္ဆိုရင္ Safe Zone၊ လိေမၼာ္ေရာင္ Amber ဆိုရင္ စိုးရိမ္ရတယ္၊ အနီေရာင္ Red ဆိုရင္ေတာ့ အႏၲရယ္ရွိတယ္ စသည္ျဖင့္ ေယဘုယ်အားျဖင့္ နားလည္လို႔ရပါတယ္။

သတင္းအခ်က္အလက္နည္းပညာ (Information Technology) ဆိုတဲ့စကားလုံးကိုက သိတ္ကိုေခတ္မွီေနေလေတာ့ အဆင့္ျမင့္နည္းပညာကို အသုံးျပဳလိုက္တာနဲ႔ Efficient ျဖစ္တယ္ ထင္စရာပါ။ တကယ္ေတာ့ Computerized အဆင့္ျမင့္နည္းပညာရဲ့ ေဘးထြက္ဆိုးက်ိဳးေတြ အမ်ားႀကီးရွိေသးတယ္ဆိုတာ သိတ္မသိၾကေသးပါဘူး။

အဖြဲ႕အစည္းတစ္ခု သို႔မဟုတ္ အဲဒီအဖြဲ႕အစည္းရဲ့ IT Department မွာ Green IT ဆိုတဲ့စကားလုံးနဲ႔ အကၽြမ္းဝင္ေနဖို႔လိုပါတယ္။ Data Center ေတြမွာ Total cost of ownership (TCO) လို႔ေခၚတဲ့ ကုန္က်စရိတ္ေတြနဲ႔ ပတ္သက္တဲ့ Best Practices အေၾကာင္းေျပာတဲ့အခါ Green IT ကိုခ်န္ထားလို႔မရပါဘူး။

Green IT ဆိုတာ ပတ္ဝန္းက်င္ကိုသာမကပဲ ကုန္က်စရိတ္ေတြေလ်ာ့ခ်နိုင္ဖို႔အတြက္ အေကာင္းဆုံးျဖစ္တယ္ဆိုတာကို စာေစာင္ေတြမ်ားစြာမွာ ေဖာ္ျပေရးသားထားတာေတြရွိပါတယ္။

Green IT is not just about meeting environmental objectives;
it provides a very tangible opportunity to drive down costs.

From – bcs.org

ဒါဆိုရင္ Green IT နဲ႔ပတ္သက္တဲ့ လိုက္နာေဆာင္ရြက္မွုေတြက ဘာေတြျဖစ္မလဲဆိုတာ ၾကည့္ၾကရေအာင္။
Product Longevity

Product Longevity ဆိုတာကေတာ့ IT Equipment ေတြျဖစ္တဲ့ Desktop/Laptop/Server နဲ႔ Network Equipment ေတြကို ဝယ္ယူသုံးစြဲတဲ့အခါ ေရရွည္သုံးနိုင္တဲ့ အမ်ိဳးအစားကိုေရြးခ်ယ္ရမွာ ျဖစ္ပါတယ္။ မၾကာခဏအသစ္ဝယ္ယူရတာေတြ Upgrade လုပ္ထပ္ျမႇင့္ရတာမ်ိဳးေတြလုပ္ရတာ ​ေငြေၾကးကုန္ၾကမွုမ်ားသလို အသုံးမလိုပဲစြန္႔ပစ္ရတဲ့အခါ ပတ္ဝန္းက်င္အတြက္လဲ မေကာင္းပါဘူး။

ဒီအတြက္ေၾကာင့္ အဖြဲ႕အစည္းေတြရဲ့ ကုန္ပစၥည္းဝယ္ယူေရးအဖြဲ႕ (Procurement Team) နဲ႔ အုပ္ခ်ဴပ္ေရးပိုင္း (Management Team) မွာ Green IT နဲ႔ပတ္သက္တဲ့ အေတြ႕အၾကဳံေတြရွိေနဖို႔လိုအပ္ပါတယ္။

မၾကာခင္မွာ သက္တမ္းကုန္ေတာ့မဲ့ (EOL – End of Life) ကုန္ပစၥည္းမ်ိဳးကို မဝယ္ယူမိဖို႔ကလဲ အေရးႀကီးသလို ဝယ္ယူၿပီးတဲ့ပစၥည္းေတြမွာလဲ တာရွည္ခံၿပီး လတ္တေလာဝန္ေဆာင္မွု (Maintenance Support) ေတြေပးနိုင္ဖို႔ လိုအပ္ပါတယ္။

Data Center Design

သကၠရာဇ္ ၂၀၁၀ ကစစ္တမ္းေကာက္ခ်က္အရ Data Center ေတြရဲ့ စြမ္းအင္သုံးစြဲမွုဟာ တကမၻာလုံးရဲ့ စုစုေပါင္း စြမ္းအင္သုံးစြဲမွုရဲ့ ၁.၁% ကေန ၁.၅% အထိရွိေနပါတယ္။
အေမရိကန္ျပည္ေထာင္စု စြမ္းအင္ဝန္ႀကီးဌာနရဲ့ ထုတ္ျပန္ခ်က္အရ Data Center ေတြရဲ့ စြမ္းအင္သုံးစြဲမွုဟာ သာမာန္႐ုံးေတြထက္ အဆ ၁၀၀ ကေန ၂၀၀ အထိပိုသုံးတယ္လို႔ခန္႔မွန္းပါတယ္။

Data Center ေတြရဲ့ စြမ္းအင္သုံးစြဲမွုကို တြက္ခ်က္တဲ့အခါ Power usage effectiveness (PUE) နဲ႔ Data center infrastructure efficiency (DCIE) ကိုတြက္ခ်က္ရပါတယ္။ PUE နဲ႔ DCIE ဟာ Green Data Center ေတြတည္ေဆာက္တဲ့ေနရာမွာ အဓိကက်တဲ့ေနရာမွာ ပါပါတယ္။ ဒီေအာက္မွာျပထားတာကေတာ့ Schneider Electric က PUE နဲ႔ DCIE ကိုတြက္ခ်က္တဲ့ Calculator ပါ။

Green Data Center တည္ေဆာက္မွုအတြက္ အျခားေသာ လိုအပ္ခ်က္ေတြကေတာ့ အေအးေပးမွုစနစ္ (Cooling System) ပါ။ အေအးေပးစနစ္ (Cooling System) မွာလဲ ေလေအးေပးစနစ္ (Air Based Cooling) နဲ႔ ေရေအးေပးစနစ္ (Liquid Based Cooling) ဆိုၿပီးရွိပါေသးတယ္။ မ်ားေသာအားျဖင့္ ေလေအးေပးစနစ္ (Air Based Cooling) စနစ္ကိုအသုံးမ်ားၾကၿပီး ဒီစနစ္မွာလဲ ေလေပးပုံစနစ္ (System) နဲ႔ ပုံစံ (Design) ေပၚမွုတည္ၿပီး စြမ္းအင္သုံးစြဲမွုအနည္းအမ်ားကြာပါေသးတယ္။

အခုအေပၚကျပထားတာကေတာ့ (Cold Aisle / Hot Aisle) လို႔ေခၚတဲ့ ေလေအးေပးစနစ္ (Air Based Cooling) တစ္ခုပါ။ ဒီစနစ္ဟာ အသုံးအမ်ားဆုံးျဖစ္သလို စြမ္းအင္သုံးစြဲမွုလဲ အမ်ားဆုံးပါ။

the more power you burn, the cooler the server room will be

ဒီစနစ္ဟာ “စြမ္းအင္ပိုသုံးေလေလ ဆာဗာခန္းပိုေအးေလေလ” ဆိုတဲ့အေျခခံကိုမွုတည္ထားတာေၾကာင့္ Efficient မျဖစ္ပါဘူး။

ေနာက္တစ္မ်ိဳးကေတာ့ Cold or Hot Aisle Air Containment စနစ္ပါ၊ ဒီစနစ္မွာေတာ့ ေလပူနဲ႔ေလေအးကို ခြဲထုတ္လိုက္ၿပီး လိုအပ္တဲ့ေနရာကိုသာ အေအးပိုေပးျခင္းျဖင့္ ဆာဗာခန္းရဲ့အပွုခ်ိန္ကို ထိန္းခ်ဳပ္ေပးနိုင္ပါတယ္။

ေနာက္တစ္မ်ိဳးကေတာ့ ေရေအးေပးစနစ္ (Liquid Based Cooling) ပါ။ စက္႐ုံေတြမွာေတာ့ ေရနဲ႔အေအးေပးတာ မထူးဆန္းေပမဲ့၊ Data Center ထဲမွာေတာ့ ေရနဲ႔အေအးေပးဖို႔ဆိုတာ မျဖစ္နိုင္ဘူးလို႔ ထင္စရာပါ။ ဒါေပမဲ့ ေရေအးေပးစနစ္ (Liquid Based Cooling) နဲ႔ Data Center ေတြရွိေနပါၿပီ။

ေအာက္မွာျပထားကေတာ့ IBM ကတည္ေဆာက္ထားတဲ့ ေရေအးေပးစနစ္ (Liquid Based Cooling) Data Center တစ္ခုျဖစ္ၿပီး စြမ္းအင္သုံးစြဲမွုမွာ သာမာန္ ေလေအးေပးစနစ္ (Air Based Cooling) ထက္ ၄၀% ပိုသက္သာပါတယ္။

Green IT ရဲ့ က်န္ရွိတဲ့ေဆာင္ရႊက္ခ်က္မ်ားကို ေနာက္အပိုင္းမ်ားမွာ ေဖာ္ျပပါဦးမယ္။

References

(၁) Green Computing – Wikipedia
(၂) The Major Components Of Green Computing – UKEssays
(၃) What is Green IT? – aboutgreenit.co.uk
(၄) Data Center PUE – What Does It Mean? – datacenterknowledge.com
(၅) Data center cooling methods – submer
(၆) Welcome to IBM’s Supercomputer Waterworld of the Future – WIRED

တောင်းပန်လွှာ။ ။ ဒီစာစောင်ထဲမှာ အားနည်းချက်၊ ချွတ်ယွင်းချက်များစွာ ပါနိုင်သဖြင့် ပြင်ဆင်ဖတ်ရှုပေးစေလိုပါတယ်။

“Let’s make our environment more eco friendly.”